Picnic Day

ကလေးတွေရဲ့ သူငယ်ချင်းက Ethiopia က။ သူ့ဆီက ချက်နည်း သင်ပြီး ပြန်လက်စွမ်းပြကြတာ။ ဒီက စားသုံးသူ။ :)))
စားကောင်းတာနဲ့ ကလေးတွေကို မေးကြည့်ပြီး ပြန်ပြီးဝေမျှလိုက်ပါတယ်။
ချက်နည်း
ခရမ်းချဉ်သီး spaghetti ဆော့စ် ကို နွှေးပြီး တစ် ပန်းကန် သပ်သပ်ထည့်။ ဝက်သားကို ကြက်သွန်နီနဲ့ ချက်၊ ပြီးရင် မုန်လာဥ၊ အာလူး၊ ငရုတ်ပွ၊ ပန်းဂေါ်ဘီစိမ်း တို့နဲ့ပြန်ရော၊ အဲဒါက တစ်ခွက်။ ခေါက်ဆွဲက spaghetti ခေါက်ဆွဲကို မကပ်အောင်ဆီထည့်ပြီး ပြုတ်။ စားခါနီးမှ အကုန်လုံးကို ပုံပေးပြီး စားကြပါတယ်။ အအီကြိုက်ရင်တော့ chedder cheese ကို ခြစ်ထည့်ပါတယ်။
Nature Republic : Style Lean Nail Stickers
အခု Nature Republic က လက်သည်း stickers လေးတွေ လှတယ်။ ဒီဇိုင်း မျိုးစုံရှိတယ်။ တစ်ခု အစမ်းဝယ်ပြီး လုပ်ကြည့်ထားတာ။ တစ်ခု နှစ်ထောင်ဆိုပေမယ့် လှတော့ ဝယ်ရတာ တန်ပါတယ်။
Style Lean Nail Sticker
ကပ်တဲ့ အခါ နည်းနည်း ရှည်ထွက်တာရှိတယ်။ ကပ်ပြီးမှ လက်သည်းညှပ် ကပ်ကြေးနဲ့ ပြန်ညှိပါတယ်။ အဲဒါပိုအဆင်ပြေတယ်။ :)
မညှပ်ခင်
ညှပ်ပြီး
Instagram application
![]() |
| Before |
![]() |
| After |
ပြောချင်တာတွေများတာနဲ့ အသုပ်စုံ ဆန်သွားမလားမသိ။ ရေးတဲ့ထဲက တစ်ခုခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြတ်ကြည် ရှေ့လျှောက်အတွက် tutorial လေးတွေ လုပ်ဖို့ ရှိပါတယ်။ အရပ်ရှည်တဲ့ နည်းလည်း ရှာပြီးရင် ရေးပေးပါမယ်နော်။
စာဖတ်သူများ သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။














