Tuesday, January 31, 2012

ကိုရီးယား ထမင်းလိပ် (김밥)


ဒီမှာတော့ ကိုရီးယားလို ထမင်းလိပ်ကို ကင်မ်ဘတ်ပ်  လို့ ခေါ်ကြပါတယ်။ (ကင်မ် = ရေညှိ၊ ဘတ်ပ် = ထမင်း)  ဂျပန်ထမင်းလိပ်ကျတော့ ဆူရှီပေါ့။ ဂျပန်လို မသိတော့၊ မပြောပြတတ်ဘူး။ ဟီးဟီး
 ကိုရီးယားလိုလည်း ကြွားပြောရရင် သေစာရှင်စာပဲ တတ်တာပါ။

ဒီနေ့တော့ ဂျာနယ်တွေ မိတ္တူ သွားကူးရင်း၊  တခါမှမဝင်ဖူးတဲ့ တော့ပူကီ အဓိကရောင်းတဲ့ ဆိုင်လေးဆီ ခြေဦးလှည့်မိပါတယ်။



အထဲရောက်တော့ ဘာစိတ်ကူးပေါက်သွားလည်း မသိ။ တော့ပူကီမစားတော့ပဲ ကင်မ်ဘတ်ပ် မှာလိုက်ရော။


အချဉ်ကို ဒီလိုဘူးလေးနဲ့ လာချထားပါတယ်။ အရသာက မက်မန်းပေါင်းလိုပဲ။ အစ်မတစ်ယောက် မြန်မာပြည်လွမ်းလို့ဆိုပြီး အဲဒီ အချဉ်တွေကို ဒီတိုင်းထိုင်စားတာ။ 


ကင်မ်ဘတ်ပ်ကို ငါးအသားပြား ဟင်းချိုနဲ့ အတူလာချပါတယ်။  ဒါနဲ့ သိသလောက် လျှာရှည်ရရင် ကိုရီးယားနဲ့ တရုတ်နဲ့ စားသောက်ရင် အသုံးပြုတဲ့ တူ (chopstick) အရွယ်ချင်း မတူကြဘူးရှင့်။ တရုတ်တူက ပိုရှည်တယ်။ နောက်ပြီး ကိုရီးယားက ထမင်းကို ဇွန်းနဲ့ပဲစားတယ်။ တူမသုံးဘူး။   


 အထဲမှာ ကြက်ဥချောင်း၊ ဂဏန်းသား၊ တူးနား မရိုးနေ့စ်၊ ကြက်ဥခေါက်ကြော်၊ ကင်မ်ချီနှစ်မျိုး (ခုန အဝါရောင်လေးနဲ့ အညိုရောင် အတုံးရှည်လေးတွေ တုံးထားတာရယ်)၊ မုန်လာဥနီ၊ အနံ့ပြင်းပြင်းနဲ့ ကင်နီဆိုတဲ့ အရွက်တမျိုးရယ်ပါပါတယ်။  


စားပြီးသောက်ပြီး ပြန်ထွက်မယ်ဆိုတော့ နှင်းတွေကျလာပါလေရော။ ပျော်တယ်ဟေ့၊ ပျော်တယ်ဟေ့၊ နှင်းကျတိုင်းပျော်တယ်။ အပြန်လမ်းမှာ ကိုယ့်ပုံကိုယ်  နှင်းထဲမှာ မျက်စိနောက်လောက်အောင် ပဲပေးပြီး ရိုက်နေတာ။



ဒါနဲ့ မြတ်ကြည် facebook ကို ဒီကနေ့က စလို့ခဏ သံယောဇဉ်ဖြတ်ထားပါမယ်။ စာလုပ်လိုက်၊ ဖဘ သုံးလိုက်ဖြစ်နေလို့ ခရီးမတွင်ဘူး။ စာမေးပွဲပြီးမှ ပြန်သုံးမယ်လို့..
Aab ဘလော့ဂါ မောင်နှမတွေ ကို အစဉ်အမြဲသတိရလျက်-



13 comments:

ပန်းချီ said...

စားချင်ထှာ အေရယ်..။ ခုတစ်လော ကိုရီးယားစာ ဓါတ်ကျနေတာနော်..လာလည်ရင် လိုက်ကျွေးပါး)) နှင်းတောထဲမလဲ လှကြောင်းဆိုပါတော့ မျက်ကျိးD

မေမြို့မိုး said...

ချားချင်တယ် အစ်မ....

Anonymous said...

ဘာပဲစားစား..တူနဲ့စားရင်
အားမရတတ်ဘူးး))
ထမင်းလိပ်ဆို..ဘာနဲ့လိပ်လိပ်
ကြိုက်ပါတယ်း)
နောက်ဆုံးကပုံလေး.မျက်စိအေးတယ်တော်..:P

ချစ်ခင်လျှက်
မိစံ

Anonymous said...

Love both u n rice roll.
iora

san htun said...

စားချင်စရာလေး..ကိုရီယားမလေးက ဘူတုန်းဟ...:P

Anonymous said...

ဆိုင်ရဲ့အပြင်အဆင်လေးကမဆိုးဘူးနော်.
ထမင်းလိပ်လေးကစားချင်စရာကောင်းသလို
အင်္ကျီဝါဝါနဲ့ကောင်မလေးကလဲချစ်စရား)
စာမေးပွဲကိုလဲအကောင်းဆုံးဖြေဆိုနိုင်ပါစေလို့.....
ခင်တဲ့ မမ camomilla

Aunty Oo said...

ဆူရှီ၊ ကင်မ်ဘတ် ကြိုက်သလိုခေါ် အကုန်ကြိုက်တယ်။
နှင်းတောထဲက ခလေးမလေးကလဲချစ်ဖို.
သိတ်ကောင်းတယ်။

Candy said...

စားချင်စရာ... သရေကျသွားတယ် မြတ်ကြည်ရေ :D

မြတ်ကြည် said...

အစ်မ ပန်းချီ လာလည်ရင် ကျွေးဖို့ အဆင်သင့်နော်။

ချားချင်ရင် ချားချား မောင်လေး။

သမီးစံ တူနဲ့မစားချင်ရင် ဇွန်းနဲ့ခွံ့ မယ်နော။

Love you too Ma Ma :)

ကိုရီးယားမလေး ဟုတ်ပါဘူး။ အူကြောင်ကျား ဗမာမလေးပါ အစ်မ စန်းထွန်း။ :P

အစ်မ camomilla ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

Thank you အန်တီဦး။ :)

ကန်ဒီ ကင်ဘတ် လုပ်ထားတဲ့ လေးကြည့်ဖူးတယ်။ စားလို့ကောင်းမယ့် ပုံပဲ။

Anonymous said...

စားချင်တယ် ..
ကြိုက်တယ် ဗျို့ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြတ်ကြည် said...

:)

မြသွေးနီ said...

ထမင်းလိပ်လေးတွေက လှလိုက်တာ..
ညီမမြတ်ကြည်အတိုင်းပဲ...

Vista said...

အဝါလေးနဲ့ လှထာအေ

LinkWithin

Related Posts Plugin for WordPress, Blogger...