Monday, February 27, 2012

မွေးနေ့ + မွေးနေ့


ဒီနေ့ ဘလော့ပေါ်က မောင်နှမတွေကို မွေးနေ့ ကျွေးမလို့ပါရှင်။ မွေးနေ့ ပြီးသွားပြီဆိုပေမယ့် လ မကုန်ခင်ဆိုတော့ အကျုံးဝင်ပါသေးတယ်နော်? ကျွေးဖို့ ရွေးထားလိုက်တဲ့ ဆိုင်လေးက အတွဲလေးတွေ Date လုပ်ရင် ထိုင်ချင်စရာ ဆိုင်လေးပါ။ မြတ်ကြည်တို့ ကျောင်းကနေ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ရောက်ပါတယ်။


အပြင်အဆင်လေးတွေက စိတ်ကူးယဉ်ဆန်ဆန်လေးတွေ :)


 ပျိုပျို:     ဘာစားမှာလဲ? 
                   ကိုကို:     ခင့်သဘော ခင့်သဘော :P




ပန်းဆိုင်းလေးတွေလည်း လှတယ်။ :)



အစီအစဉ် (2) အရ သုံးဆောင်နိုင်ကြပါပြီရှင်။ ^_^


spaghetti oven-cheese baked


fish cutlet


 Beef Steak

ဆိုင်က မဟုတ်ပေမယ့် ထူးထူးခြားခြား ကျွေးချင်တာလေး ရှိပါတယ်။ မြတ်ကြည် လက်ရာ လေးပေါ့။ ဟီဟိ
အမြင်မလှပေမယ့် အရသာက အင်မတန့်အင်မတန် ကောင်းမွန်လှကြောင်းပါ။ :D


မွေးနေ့ကိတ်လေးလည်း အားပေးသွားပါဦး။ :)



ကျွေးချင်တာကျွေးပြီးပြီဆိုတော့ ပြောချင်တာပြောပါတော့မယ်။ :)

အဟမ်းဟမ်း ...

 ပို့စ်ခေါင်းစဉ် မွေးနေ့ + မွေးနေ့ ဖြစ်ရခြင်း အကြောင်းမှာ -
 မြတ်ကြည်နှင့် ချစ်ရပါသော ချစ်ချစ်၏ မွေး လ သည် ဖေဖော်ဝါရီလ ဖြစ်သောကြောင့်တည်း။ 
 မြတ်ကြည်က ၁၈ရက်၊ ချစ်ချစ် က ၂၆ရက်။ 

မြတ်ကြည်မွေးနေ့ကတော့ ဆရာတွေလုပ်ပေးတာပါ။ အိမ်ဝေးနေတယ်ဆိုတော့ စိတ်ဓာတ်ကျမှာစိုးလို့တဲ့။ :P



သူ့မွေးနေ့ မှာကတော့ သူ အံ့အားသင့်အောင် birthday cake ကို တိတ်တိတ်ကလေး ကြိုဝယ်ပြီး နှစ်ယောက်ထဲ ကျင်းပတဲ့ မွေးနေ့ပွဲလေးလုပ်ဖြစ်ပါတယ်။ :) နောက်နှစ်မွေးနေ့တွေ အတူရှိရရင်ကောင်းမယ်။



ကုသိုလ်အနေနဲ့က ရွှေတိဂုံဘုရားခြေသုတ်ခုံအတွက် မြန်မာကျောင်းသားတွေစုပြီး အလှူထည့်ဖြစ်ပါတယ်။ များများစားစားမဟုတ်ပေမယ့် မွေးနေ့အတွက်ကုသိုလ်လုပ်ဖြစ်တာပေါ့။

နိဗ္ပာန်ဆော်ဖြစ်တလည်း  ကိုကောင်းထက်ဇော်


 မြတ်ကြည် မိဘတွေလည်း မွေးနေ့ အတွက် ဆွမ်းကပ်ပါတယ်။ မြတ်ကြည် ဦးဦးဖျားဖျား ကန်တော့ထားတဲ့ စာမူခလေးတွေလည်း ပါ :)




Happy Birthday to us. <3



ဒီပို့စ်လေးက ဖေဖော်ဝါရီလ အပိတ်ကလေးပါ။
 ရှေ့လ thesis plan တင်၊ April လ စာမေးပွဲ ၊နောက်ပိုင်း thesis စရေးတော့မှာနဲ့ အခုလို အားတော့မယ်မထင်ပါဘူး။
 ပြီးတော့လည်းရောက်လာတာပါပဲ။ :)
 ဒီတစ်ခါ တကယ်ကြီး ...

 လာရောက်အားပေးတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။






20 ယောက် ရဲ့ အမြင်:

Anonymous said...

မွေးနေ့ရှင်နှစ်ယောက်စလုံး
ပျော်ရွှင်ခြင်းများစွာနဲ့ယနေ့မှစ..
နှစ်တစ်ရာတိုင်ပါစေကွယ်။

အားလုံးအဆင်ပြေပါစေမြတ်ကြည်...

ချစ်ခင်လျှက်
မိစံ

ဘရဏီ said...

ဆိုင်လေးကချစ်စရာလေး

မောင်(စွယ်စုံကျမ်း) said...

ခင်ဘာသားမလဲ..ကို့ သဘော..ဟိဟိ..သားသားစားချင်တာစားလို့ ရပီ..တိန်

ညယံ said...

မွေးနေ့ ရှင် နှစ်ယောက်စလုံး ပျော်ရွှင် ချမ်းမြေ့စွာနဲ့ အမြန်ရွှေလက်တွဲနိုင်ပါစေနော် ။
မွေးနေ့ ရှင်လေးကလည်း ပျိုမျစ်လှပနေတာပဲ :)

ချစ်စံအိမ် said...

မွေးနေ့ တိုင်းချစ်သူနဲ့ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ

khin oo may said...

happy birthday!

Anonymous said...

ဟတ်ပီးဘတ်ဒေး...ပျော်ရွှင်ပါစေဗျိုးးးးးး :))

သဒ္ဓါလှိုင်း said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးတွေကို နှစ်စဉ်နှစ်တိုင်း ချစ်ရသူနဲ့အတူ ပိုင်ဆိုင်ခွင့်ရပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝအောင်မြင်ပါစေ။
ခင်မင်လျက်
သဒ္ဓါလှိုင်း

Anonymous said...

မွေးနေ့မှာပျော်ရွှင်ပါစေ မောင်မြတ်ကြည်နှင့် မမြတ်ကြည်...


စင်စင်

မီးမီးငယ် said...

Happy Birthday..
မြတ်ကြည်လေးရေ...
နောင်နှစ်တွေမှာချစ်တဲ့သူတွေနဲ့ မွေးနေ့ ပွဲ၊
အတူဆင်နွဲနိုင်ပါစေ...
ဆုတောင်းပေးလိုက်တယ်နော့်..

မေမြို့မိုး said...

မမ.. မုန့်တွေမျက်စိနဲ့လာစားသွားတယ်.။
စန်းညားတီး သင်ပေးဦး..။အားကျစွာကြည့်ရှုသွားပါအိ.။

mstint said...

ပြီးပြည့် စုံလင်တဲ့ မွေးနေ့ပွဲလေးကို ရောက်လာတယ် မမြတ်ကြည်ရေ။ မွေးနေ့ရှင်အားလုံး
စိတ်ဓာတ်အစဉ်ကြည်လင်စွာနဲ့ တရားထူးတရားမြတ်တွေရကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ပန်းချီ said...

ဖေဖော်ဝါရီလဖွား ချစ်သူနှစ်ဦးနောက်နှစ်မွေးနေ့တွေ အတူရှိပါစေ။ မွေးနေ့ကျင်းပပုံက ကြည်နူးဆွတ်ပျံ့ဖွယ်း)

Happy Birthday to you and your beloved!

Candy said...

မြတ်ကြည်တို့က သိပ်ရိုမန်းတစ်ဆန်ပါလား။ ကိတ်မုန့်နဲ့ နှစ်ယောက်တည်း ကျင်းပလိုက်တယ်ပေါ့။ ပြီးတော့ အဲ့ကိတ်မုန့်က သူပဲစားတာမလား ဟိဟိဟိ

ကန်ဒီလည်း Thesis လုပ်နေတာလေ။ ခုအကြမ်းထပ်ထားတယ်။ အားတဲ့အချိန်တော့ စာရေးပေါ့။ ကန်ဒီတောင် ရေးသေးတာ အဟိဟိ :P :P

မြသွေးနီ said...

ဖေဖော်ဝါရီ မွေးနေ့ရှင် ချစ်သူ နှစ်ယောက်လုံး
ဘ၀မှာ ချမ်းမြေ့မှု၊ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို အတူတူလက်တွဲမဖြုတ်စတမ်း မျှဝေခံစားနိုင်ကြပါစေလို့...။

rose of sharon said...

Happy birthday to both of you :)

ဆောင်းနှင်းရွက် said...

ဟက်ပီးဘက်ဒေးပါ ညီမရေ ...
မွေးနေ့မှသည် နေ့ရက်တိုင်း ပျော်ရွှင်ပြီး
နောင်နှစ်မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ
ကိုယ်ချစ်တဲ့သူတွေ နဲ့ တကွ ပျော်ရွှင်မှု့တွေ ရနိုင်ပါစေ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြတ်ကြည် said...

ကော်မန့်၊ birthday ဆုတောင်းတွေအတွက် ကျေးဇူးပါနော်။ :)

san htun said...

မွေးနေ့ များစွာကို ချစ်သူနဲ့ အတူတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ

နွေလ said...

မွေးနေ့မှာပျော်ရွှင်ပါစေ အစ်မမြတ်ကြည်ရေ . . .
တောင်းဆုတွေလည်း ပြည့်ပါစေနော်

အလည်လာသူ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင် ^^ Related Posts Plugin for WordPress, Blogger...