Monday, February 20, 2012

Shopping ထွက်မယ်ဆိုရင်



 ရှော့ပင်ထွက်ရင် ဘာဝတ်ရမယ်၊ ဘာမဝတ်ရဘူးဆိုတဲ့ ဥပဒေသ မရှိပေမယ့် လွတ်လွတ်လပ်လပ် အဆင်ပြေပြေ ဝယ်နိုင်ခြမ်းနိုင်မယ့် အတိုအထွာလေးတွေကို  တင်ပေးလိုက်ပါတယ်။

  • အပေါ်ဖြစ်ဖြစ် အောက်ဖြစ်ဖြစ် အရောင်ဗြောင်လေးတွေကို ဦးစားပေး ရွေးချယ်ပါ။ ဒါမှ ကိုယ် ဘာအဝတ်၊ ဘာအဆင် pattern ပဲရွေးရွေး တွဲလို့ရမှာမဟုတ်လား?
  •  ကြယ်သီးတပ် အင်္ကျီ ဝတ်သွားပါ။ ခေါင်းစွတ် အင်္ကျီနဲ့ဆို ချွတ်ရ၊ သွတ်ရတာ ပိုပင်ပန်းပါတယ်။ ပြီးတော့ ဆံပင်လည်း ပွသေး။ ကျွန်မ အမြင်ပေါ့နော်။
  •  ဂါဝန် ဝတ်မသွားပါနဲ့။ ဘာလို့ဆို ကိုယ်က အင်္ကျီ ဒါမှမဟုတ် ဘောင်းဘီ စမ်းဝတ်ပြီးရင် အပြင်ထွက်ပြီး လှမလှ တိုင်ပင်ဖို့ရာ ဂါဝန်ကြီးနဲ့ တွဲပြီး ထွက်လို့ အဆင်မပြေလှပါဘူး။ ။ တွဲရမယ့် ဘောင်းဘီ အင်္ကျီ လိုက်ရှာရတော့ အချိန်လင့်တာပေါ့။  
  • ကြိုးပျောက် (strapless) ဘရာဇီယာ ဝတ်သွားပါ။ တခါတလေ ကိုယ်က စိတ်တွေ့ရင်တွေ့သလို ရင်လျား ဒါမှ မဟုတ် ကြိုးတစ်ချောင်း အင်္ကျီ၊ ဂါဝန်တွေကို ဝယ်ဖို့ ဝတ်ကြည့်တဲ့ အခါ၊ ဘရာကြိုးကြီး ပေါ်နေရင် နဂိုက လိုက်မယ့် အဝတ်တောင် ကြည့်ရလှချင်မှ လှပါလိမ့်မယ်။ 
  • Acessoroes တွေကို သိပ် ဦးစားမပေးပါနဲ့။ ဂျက်ကင်တထပ်ချွတ်ရပြန်၊ ပတ်ထားတဲ့ မာဖလာကြီး ဖယ်ရပြန်၊ ဆွဲကြိုးနဲ့ ငြိ။ ရှင်းရှင်းလေးပဲ ကောင်းပါတယ်။  
  • ဆံပင်ကို စည်းထား၊ ကလစ် ထိုးထား ရင် အင်္ကျီ ဝတ်တိုင်း ဆံပင် ပြန်ပြင်ရမှာ မနိတ်ပါဘူး။ အကောင်းဆုံးက ရိုးရိုးရှင်းရှင်းလေး ချပြီးသွားပါ။
  • ရှူးဖိနပ်လေးတွေ ကတော့ ဘာအဝတ်အစားနဲ့ မဆိုလိုက်ပါတယ်။ စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ ဒေါက်နဲ့က လှတော့လှပေမယ့် စိတ်တိုင်းကျ ဈေးဝယ်ထွက်ဖို့ကျတော့ အဆင်မပြေပါဘူး။

အခုဆို အဆင်ပြေပြေ ချောချောမွေ့မွေ့ ရှော့ပင်ထွက်လို့ရပြီပေါ့။ တခါတလေကျတော့လည်း ရန်ကုန် ရှော့ပင်စင်တာက အရောင်းစာရေးလေးတွေက သမန်ကာလျှံကာ ဝတ်သွားရင်၊ ဝယ်နိုင်လို့လားဆိုတဲ့ အကြည့်နဲ့ကြည့်ကြပြန်ရော။

အိုး ... ဒါနဲ့ ခြေထောက်ဆိုတာ ကြာကြာလျှောက်လေ ခြေဖဝါးအရွယ်ကြီးလေ ဖြစ်တာကြောင့်၊ ရှော့ပင်ထွက်လို့ ဝပြီး နောက်ဆုံးကျမှ ဖိနပ်ကို ဝယ်ပါလို့။ စစချင်းမှာ သွားဝယ်လိုက်ရင်၊ နောက် တကယ်လည်း တစ်နေကုန်ဝတ်တော့မှ ခြေထောက်ကကြီးလာ၊ ဖိနပ်ကကျပ်၊ ဖိနပ် ပေါက် ဖြစ်တတ်ပါတယ်။

( ဘယ်ကဖတ်မိလည်း မမှတ်မိတော့ပါဘူး :D)


နေ့တစ်နေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင်။



17 ယောက် ရဲ့ အမြင်:

အင်ကြင်းသန့် said...

သေချာမှတ်သွားတယ် မြတ်ကြည်ရေ....း)

Sandakuu said...

နည်းလေးတွေလာဖတ်သွားတယ်။
အမကူးကတော့ ပြာကလောင်ပြာကချောင်စွပ်ကြယ်လို ဂါဝန်အရှည်ဝတ်သွားတာဘဲ.. အပေါ်ကနေလျှောချလိုက်တာ.. ဟီဟီးးးး

ပျော်ရွှင်ပါစေညီမ...မွေးနေ့မှာဆုလာမတောင်းဖြစ်ဘူး။
အောင်မြင်တဲ့နှစ်သစ်ပေါင်းများစွာဖြတ်ကျော်နိုင်ပါစေ။

Anonymous said...

မှတ်သားသွားပါတယ်.. ခုလိုရှယ်ပေးတာ ကျေးဇူး.. =)

Vista said...

ပိုင်သကွာ ရှော့ ပင်းဆရာမ ..

Candy said...

ရှော့ပင်ချင်နေတာနော် လူကိုရိုးတိုးရွတဖြစ်အောင်လုပ်တယ် အဟင့်

မဒမ်ကိုး said...

ငါ့ဆရာမကရှေ့ကနေနည်းတွေပြတယ်ဟေ့
ကိုရင်ကန်ထုတ်တော့မယ်


ချစ်တဲ့

ဂျာရစ်

မေမြို့မိုး said...

အစ်မက တော်လိုက်ထှာ.. နာ့အစ်မလို့မပြောရဘူး..

မောင်(စွယ်စုံကျမ်း) said...

မမမြတ်ကြည့်......သားသားတို့ ထွက်ရင်ရော..ဟင်..ခိခိ

Anonymous said...

ဟုတ်တယ်နော် တခါတလေ လျော့ပင်ထွက်တဲ့အခါ
ဝတ်ထားတဲ့ အဝတ်အစားနဲ့ဖိနပ်တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်.
သေချာလေးမှတ်ထားလိုက်ပြီ ကျေးဇူး ညလေးမြတ်ကြည်း)
camomilla

ဖြိုးဇာနည် said...

ကောင်ယေးဒွေ အတွက်ကျဒေါ့ ကောင်းကောင်း
အကြောပြထားဝူး အဟင့် နာဒို့ယဲ ရှော့ပင် ထွက်
တတ်ပါဒယ် အဟင့်

Anonymous said...

မှတ်ထားရမယ်း)
ကုန်မယ့်အလုပ်ဆိုရင်တော့
တယ်လည်း..၀ါသနာမပါလှဘူးကွယ့်း)
စားဖို့ဆိုရင်တော့..လာထားးးးးဘဲ

ချစ်ခင်လျှက်
မိစံ

ဝင်းမင်း said...

shopping ထွက်ရင်း changing room door မှာ ကပ်ထားတဲ့ အကျီ င်္လဲနည်းလေး ကတော့
blouse တို့  dress တို့  လဲရင် ခေါင်းက စွပ်ချတာ မဟုတ်ပဲ ခြေထောက်ကနေ ဆွဲတင်၊ ပြီးမှ တဆင့် အကျီ င်္လက်ထဲ လက်ထည့်ဘို့  ပြထားတာ မြင်ဘူးတယ်။ ဟုတ်တယ် အဲဒါ ပိုအလုပ်ဖြစ်တယ်။

jasmine(တောင်ကြီး) said...

လာမယ်လာမယ်နဲ့မရောက်ဖြစ်ဘူး
ခုမှရောက်တော့တယ်
ရှော့ပင်ချင်နေတာနော်----ပိုက်ပိုက်မရှိလို့ငြိမ်နေတာ
ခင်မင်တဲ့ sis jasmine

san htun said...

ဒီမှာများ ရှောပင်းမထွက်ရတာ ကြာပြီဖို့  မေ့တောင်နေတာ..သတိပေးတာ ကျေးဇူး..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကောင်မလေးကိုပြောပြအုံးမှး)

ပန်းချီ said...

ဟုတ်ပ ဟုတ်ပ မျက်ကျိရေ..ဂါဝန်နဲ့ ရှော့ပင်းမိတုန်းက အဖြစ်ပြန်သတိရတယ်း)) ရှော့တောင်ပင်းချင်သွားပြီ။

မြတ်ကြည် said...

Thank you sisss and bros :)

အလည်လာသူ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင် ^^ Related Posts Plugin for WordPress, Blogger...